ဒီ 2019 ရဲ့နောက်ဆုံး kpop concert လို့ပြောလို့ရတဲ့ November 2nd မှာကျင်းပသွားမယ့် K-wonder concert မှာဆိုရင်တော့ မြန်မာ artist တွေအပြင် ကိုရီးယား artist တွေပါ ပါ၀င်သွားမှာပဲဖြစ်ပါတယ်။ ပါ၀င်သွားမယ့်မြန်မာ artist တွေကတော့ မြန်မာမိန်းလေးတွေကြားမှာရေပန်းစားတဲ့ Ar-T နဲ့ Project-K တို့ပဲဖြစ်ပါတယ်။ ပါ၀င်သွားမယ့်ကိုရီးယား artist တွေကတော့ အရမ်းဆွဲဆောင်မှုရှိတဲ့အသံကိုပိုင်ဆိုင်ထားတဲ့ Nautilus, မိန်းကလေးတွေကြားမှာအရမ်း hot ဖြစ်တဲ့ A.FACT နဲ့ အရမ်းကိုမြူးကြွဖို့ကောင်းတဲ့သံစဉ်တွေနဲ့ပွဲကိုပါ၀င်အားဖြည့်သွားမယ့်တောင်ကိုရီးယားတဲ့ DJ တစ်ဦးဖြစ်တဲ့ DJ Joy တို့ပါ၀င်သွားမှာပါ။
ပွဲကိုတော့ November 2 ရက်နေ့ သု၀ဏ္ဍဘူမိ(Thuwa nna Buhmi ) Event Park မှာကျင်းပြုလုပ်သွားမှာပဲဖြစ်ပါတယ်။
K-wonder concert ဟာဆိုရင်တော့ကိုရီးယား concert တစ်ခုထဲမဟုတ်ဘဲနဲ့ မြန်မာ artist တွေအပြင် Halloween custome party တွေ၊ out door Cinema တွေကိုလည်းပြုလုပ်သွားအုံးမှာပဲဖြစ်ပါတယ်။
October 31 ရက်နေ့မှာဆိုရင် Halloween costume party ကိုပြုလုပ်သွားမှာဖြစ်ပါတယ်။
November 1 ရက်နေ့မှာဆိုရင်တော့မြန်မာနိုင်ငံမှာမသိတဲ့လူမရှိတဲ့ frenzo artists တွေရဲ့အမိုက်စားဖျော်ဖြေမှုတွေနဲ့အတူ frenzo Halloween party ကိုကျင်းပသွားမှာဖြစ်ပါတယ်။
November 2 ရက်နေ့မှာဆိုရင်တော့ K- Wonder music festival ကိုပြည်တွင်း အနုပညာရှင်တွေအပြင်ကိုရီးယားအနုပညာရှင်တွေပါ ပါဝင်ပြီးဖျော်ဖြေသွားမှာဖြစ်ပါတယ်။
November 3 ရက်နေ့မှာဆိုရင်တော့ မြန်မာနိုင်ငံမှာအရမ်းနာမည်ကြီးခဲ့တဲ့ လိပ်ပြာစံအိမ် (The Only Mom) ကို outdoor cinema အနေနဲ့ပြမှာဖြစ်ပါတယ်။
ပွဲမှာဆိုရင်တော့အပေါ်မှာပြောခဲ့တဲ့လေးရက်တာ activities တွေ့အပြင်အခြားသော activities တွေကို food village zone, play zone နဲ့ party zone ခွဲပြီးတော့ကျင်းပပေးတာဘဲဖြစ်ပါတယ်။
အဲဒါကြောင့်မလို့4 ရက်တောင်မှကဲလို့ရမယ့်အခွင့်အရေးကြီးကိုလက်လွှတ်ခံလို့မရပါဘူးနော်။သူငယ်ချင်းတွေမိသားစုတွေနဲ့ အတူတူကဲလို့ရအောင်အမြန်ဆုံး ticket တွေဝယ်ထားလိုက်တော့နော်။
Ticket ၀ယ်ယူချင်တဲ့လူတွေအနေနဲ့ကတော့ K-wonder music festival ရဲ့ Facebook page ကနေလည်း၀ယ်ယူလို့ရသလို K-wonder ရဲ့ official outlet store တွေကနေလည်း၀ယ်ယူလို့ရပါတယ်။
Official outlet store တွေကတော့
? MomoPlay (City Mall – St. John, Waizayanta Aeon Orange)
? Doll Re Mi (Capital Hypermart)
? MM Plaza (Laser Tag at 2nd Floor)
? tealive (Junction Square)
? Titu’s Indian Bistro (Hledan Center, City Mall – St.John)
? Ya Kun (MM Plaza, City Mall – St.John, MICT Park)
? A Bar (Golden City Business Center)
? Wonderland Pearl condo (Fairy berry)
? မုန့်ဈေးတန်း – Mont Zay Tan Foodcourt MICT
? Flexible Pass Mobile App
? Jan Jan Jan Japanese Ramen
Myanmar Plaza , 3rd Floor
? Junction City (level 2)Near Estee Lauder shop တို့ပဲဖြစ်ပါတယ်။
Contributor: Phu Pwint